Bootloader Unlock လုပ်ပြီးသား Huawei ဖုန်းများအား fastboot mode ဖြင့် firmware တင်နည်း။
*******************************
Qualcomm CPU သုံး Huawei device များကိုfirmware ပြန်တင်တဲ့အခါ
dload ဖိုင်လေးကို SD Card ထဲကူးထည့်ပြီးတင်ရပါတယ်။ အဲ့လိုတင်တဲ့အခါ
အဆင်ပြေတာတွေလည်းရှိသလို အဆင်မပြေတာလေးတွေလဲ ကြုံရတတ်ပါတယ်။ အဆင်မပြေရတဲ့အကြောင်းအရင်းအဓိက
အများဆုံးကတော့ Build Number မတူတာကြောင့်ဖြစ်ပါသည်။
မိမိ firmware တင်မည့်ဖုန်းသည် Build Number မြင့်နေပြီး
firmware က Build Number နိမ့်နေလျှင်လည်း Step2 မှာ Fail ပြပါတယ်။
တစ်ခါတစ်လေဆိုရင် စပြီး firmware တင်လိုက်ထဲက Fail တန်းပြတတ်ပါတယ်။ နောက်တစ်ချက်က Build Number တူနေရင်လည်းတစ်ခါတစ်လေ Fail ပြတတ်ပါတယ်။
အများစုဖြစ်တတ်တာကတော့ Huawei ဖုန်းတွေမှာပါ။
System Update တောင်းလို့ Update လုပ်ပေးလိုက်လျှင် Build Number ကမြင့်သွားပါတယ်။
Build Number မြင့်သွားတော့
firmware ကျတဲ့အခါ Build Number အမြင့် firmware ကထွက်မလာသေး
တော့စပြီးဒုက္ခရောက်တော့တာပဲ။
Build Number အနိမ့် သို့မဟုတ် Offical firmware ပြန်တင်ဖို့ dload ဖိုင်နဲ့တင်ဖို့ကမလွယ်တော့ပါဘူး။ ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့
ကျွန်တော်တို့ fastboot mode ကနေ
firmware ပြန်ပြီးတင်ကြည့်ရတော့မှာပါ။ အခြားနည်းလမ်းတွေလည်းရှိပါသေးတယ်။ ဒါပေမဲ့ အသုံးအများဆုံးကတော့ fastboot ကနေတင်တာများပါသည်။
fastboot mode မှ firmware တင်ရန်အတွက်
အရင်ဦးဆုံးဖုန်းကို
Bootloader Unlock အရင်လုပ်
ထားရပါမည်။
bootloader unlock ဖြစ်မဖြစ်ကိုလည်း fastboot mode ကနေပြီး fastboot command ဖြင့်စစ်လို့ရပါတယ်။
command က
fastboot oem get-bootinfo ပါ။
Locked လို့ပေါ်ရင်မလုပ်ရသေးပါ။
Unlocked လို့ပေါ်ရင်လုပ်ပြီးသားပါ။
Bootloader Unlocked ဆိုရင်တော့
စလိုက်ကြရအောင်ဗျာ။
fastboot mode မှ firmware တင်ရန်အတွက်
dload ထဲမှ UPDATE.APP ဖိုင်ကိုဖြည်ထုတ်ရပါမယ်။
ဖြည်ထုတ်ဖို့အတွက်က
Huawei Update Extractor Tool ကိုအသုံး
ပြုပါတယ်။
လိုအပ်ပါကအောက်မှာဒေါင်းယူပါ။
Download Link
UPDATE.APP ထဲကကျွန်တော်တို့အဓိကယူချင်တာက
boot.img
recovery.img
system.img
အဲ့ဒီ ၃ ခုကိုပဲဖြည်ထုတ်လိုက်ပါ...၃ခုလုံးရယူပြီးသွားရင် fastboot.exe ရယ်
adbWinApi.dll ရယ် adbWinUsbApi.dll ဒီသုံးဖိုင်ရှိမယ့် folder ထဲကို အားလုံး စုထည့်ထားလိုက်ပါ။
firmware စတင်ရန်အတွက်
ဖုန်းကို fastboot mode ဝင်ပါ။
( Volume Down + Power )
တစ်ချို့ဖုန်းတွေကြ Volume Down ဖိလျက်
PC နှင့်ချိတ်ပါ။
ပြီးလျှင် folder ထဲဝင်၍ cmd box ခေါ်ပါမည်။လွတ်သည့်နေရာဍ်
Shirft ကိုဖိထားပြီးRight Click နှိပ်ပြီး Open Command Window Here ကိုနှိပ်ပါ။
command box ပေါ်လာပါလိမ့်မယ်။ အဲ့တော့မှတစ်ခုချင်းစီကို
flash ပေးလိုက်ပါ။
fastboot flash boot boot.img
fastboot flash recovery recovery.img
fastboot flash system system.img
နောက်ဆုံး system.img ကို flash နေတဲ့အချိန်မှာနည်းနည်းကြာပါတယ် စောင့်နေပေးပါ။
အားလုံးပြီးစီးသွားပါက fastboot reboot လို့ရိုက်ပေးလိုက်ပါ။
firmware တင်ခြင်းပြီးဆုံးမည်။
fastboot Command သုံးရန်အတွက်
ဖိုင်များမရှိပါက အောက်မှာဒေါင်းပါ။
Download Link
Admin Kokohtet
AAC MobilePhone Training Center
No comments:
Post a Comment